“၂၀၁၆ အိမ်ခြံမြေဈေးကွက် နှင့် နိုင်ငံစီးပွားရေး
အလားအလာများ”
၁။ "အစိုးရ အပြောင်းအလဲကြောင့် ၂၀၁၆ ခုနှစ်တွင်
အိမ်ခြံမြေဈေးကွက် အလားအလာကောင်းနိုင်"
ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်သည်လက်ရှိတွင်
ဈေးကွက်အနည်းငယ်အေးနေသော် လည်း အနာဂတ်တွင်
ဈေးကွက်အလားအလာ ကောင်းနိုင်ပြီး အငှားနှင့်အရောင်း
ဈေးကွက်များကောင်းလာနိုင်ဖွယ်ရှိသည်ဟု
အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာပါက
အိမ်ခြံမြေဈေးကွက် ပိုပြီးတိုးတက်လာနိုင်ဖွယ်ရှိသည်ဟု
မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ
ဦးသိန်းလှညို ကပြောသည်။
"အခုကတော့ အိမ်ခြံမြေဈေးကွက်က တအိအိနဲ့ ကျဆင်း
နေတယ်။ အိမ်ခြံမြေဈေး ကွက်ထဲကိုရင်းနှီးမြှုပ်နှံသူတွေက
စုပြုံပြီးဝင်လာတာတွေ များလာတာကြောင့်လည်း ပါတယ်။
လာမယ့် ခြောက်လကျော်ဝန်းကျင် လောက်မှာတော့
ပြန်ပြီးဦးမော့လာနိုင်တယ်" ဟု၎င်းကပြောသည်။
"မြန်မာနိုင်ငံမှာအများအားဖြင့်လူအများစုရင်းနှီးမြှုပ်နှံတဲ့
ဈေးကွက်တွေဖြစ်တဲ့ ရွှေဈေးကွက်၊မော်တော်ကားဈေးကွက်၊
ဒေါ်လာ၊အထည်ချုပ်၊ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေဈေးကွက်
တွေမှာအိမ်ခြံမြေဈေးကွက်က ခိုင်မာမှုရှိတဲ့အတွက်
လူတွေကစုပြုံပြီး ၀င်ရောက် လာတဲ့အတွက်ဈေးကွက်က
နည်းနည်းလေးငြိမ်သွားတာပါ။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမယ့်
သူတွေကလည်းမြေဈေးကြီးတာတွေ၊ လျှပ်စစ် မရရှိ
တာတွေနဲ့ နိုင်ငံရေးကိုစောင့်ကြည့်နေတာတွေကြောင့်
ပြန်လှည့်သွားကြတာများတယ်" ဟု ရွှေအိမ်ကမ္ဘာ အိမ်ခြံမြေ
အကျိုး ဆောင်လုပ်ငန်းပိုင်ရှင်လည်းဖြစ်သူ
ဦးသိန်းလှညိုက ပြောသည်။
စီးပွားရေးနှင့် နိုင်ငံရေးသည် အမြဲဆက်စပ် နေခြင်းကြောင့်
နိုင်ငံရေးအပေါ် မူတည်ကာ စီးပွားရေးလုပ်ငန်းများ
တိုးတက်မှုကလည်း ပြောင်းလဲနေ၍ လာမည့်အစိုးရသစ်
လက်ထက်တွင်အကောင်းဘက်သို့ ဦးတည်နေသည်ဖြစ်ရာ
စီးပွားရေးလည်းကောင်းမွန်လာနိုင် သကဲ့သို့ရင်းနှီးမြှုပ်နှံမှု
များလည်း ၀င်ရောက်လာလိမ့်မည်ဖြစ်သည်ဟုလည်း
၎င်းက ပြောသည်။
"အိမ်ခြံမြေဈေးကွက်မှာ အငှားဈေးကွက် ကတော့အမြဲတမ်း
အပေါ်မှာပဲ ရှိနေတယ်။ဈေးတွေကျဆင်းသွားစရာတော့
အကြောင်းမရှိပါဘူး။ မြေဆိုတာ ထပ်တိုးပြီးချဲ့လို့ရတာ
မဟုတ်ဘူး။ မြို့လယ်ကောင်က အိမ်ခြံမြေဈေး ကတော့
ဈေးနှုန်းကျဆင်းနိုင်စရာအကြောင်းမရှိပါဘူး" ဟု
ဦးသိန်းလှညိုက ပြောသည်။
အိမ်ခြံမြေဈေးကွက် ကောင်းမွန်နိုင်သည့် အလားအလာ
ရှိနေပြီး ယခုလက်ရှိတွင် မြေအရောင်းအ၀ယ်များ အလုပ်
ဖြစ်နေကာ အငှားဈေးကွက် ပုံမှန်သာရှိနေသည်ဟု
ရွှေကံမြေအိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းမှ
ဦးခင်မောင်အေးက ပြောသည်။
"အနာဂတ်မှာတော့ အိမ်ခြံမြေဈေးကွက် က ကောင်းလာ
မှာပါ။ နိုင်ငံရေးကလည်း အကောင်းဘက်ကိုပဲ ဦးတည်
နေတော့ အိမ်ခြံ မြေဈေးကွက်ကလည်း ကောင်းလာမှာပါ"
ဟု ၎င်းက ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးသမားများက
အစိုးရသစ်လက်ထက်ပြောင်းလဲမှုများကို စောင့်ဆိုင်းနေခြင်း
ကြောင့် အိမ်ခြံမြေဈေးကွက် ကျဆင်းနေကြောင်း
တောင်ဥက္ကလာပမှ အိမ်ခြံမြေအကျိုးဆောင် ဦးဇာနည်က
ပြောသည်။
"အစိုးရသစ်လက်ထက်မှာ ပြောင်းလဲမယ် လို့အားလုံးက
ယုံကြည်ထားတော့ အလုပ်တွေကိုအခုခဏရပ်ထားပြီးတော့
အခြေအနေကိုစောင့်ကြည့်နေကြတယ်။
တချို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဆိုရင် အိမ်ရှင်တွေကို
စာချုပ်ပဲချုပ်ထားပေးပြီးတော့ တိုက်မဆောက်သေးဘဲ
စောင့်ဆိုင်းနေတာမျိုးတွေ ရှိတယ်"ဟု ၎င်းက ပြောသည်။
(မြတ်နိုးဦး)
***
၂။ "မြန်မာ့စီးပွားရေး ငါးနှစ်အတွင်း တစ်နှစ်လျှင်ရှစ်ရာခိုင်နှုန်း
တိုးတက်မည့် အလားအလာရှိဟု ကမ္ဘာ့ဘဏ်ဆို"
မြန်မာနိုင်ငံသည် လာမည့်ငါးနှစ်အတွင်း တစ်နှစ်လျှင်
စီးပွားရေးတိုးတက်မှုနှုန်း ရှစ်ရာခိုင်နှုန်းဝန်းကျင်ဖြင့်
လျင်လျင်မြန်မြန်တိုးတက်မည့် အလားအလာများရှိကြောင်း
ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်သည်။
ထိုသို့အလားအလာများရှိကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်
နေ့က မြန်မာနိုင်ငံတွင် မျှဝေပိုင်ဆိုင်သည့်
သာယာဝပြောမှုကို ဖော်ဆောင်နိုင်မည့် မူဝါဒရေးရာ
အကြံပြုစာတမ်းများကို ကမ္ဘာ့ဘဏ်က တင်ပြမှုနှင့်
ပတ်သက် ပြီး သတင်းထုတ်ပြန်ရာတွင် ထည့်သွင်း
ဖော်ပြထားခြင်းဖြစ်သည်။
"မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေးအသွင်ကူးပြောင်း
မှုမှာ သမိုင်းဝင် မှတ်တိုင်တစ်ခုကို ရောက်ရှိနေပြီ။
လက်ရှိဖြစ်ပေါ်နေတဲ့ ခိုင်မာ အားကောင်းတဲ့ စီးပွားရေး
တိုးတက်မှုတွေကနေ နိုင်ငံတစ်ဝန်းမှာနေ တဲ့
ပြည်သူတွေဘဝတိုးတက်လာဖို့ ဆောင်ရွက်နိုင်မယ့်
အခွင့်အလမ်း တစ်ရပ်ရှိနေတယ်" ဟု ကမ္ဘာ့ဘဏ်၏
အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်
Mr. Ulrich Zachau က ဆိုသည်။
မူဝါဒများမှန်ကန်စွာ ရွေးချယ်ချမှတ်ဆောင်ရွက်နိုင်ပါက
ပြည်သူများအတွက် အလုပ်အကိုင်ပိုမိုဖန်တီးပေးနိုင်မည်
ဖြစ်ပြီး ဝင်ငွေများတိုးတက်စေနိုင် မည်ဖြစ်ကြောင်း
ဖေဖော်ဝါရီ ၂၃ ရက် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
***
၃။ "နိုင်ငံခြားဘဏ်ခွဲသစ်များဖွင့်လှစ်ရန်ရှိ၍ မြန်မာကျပ်ငွေ
တန်ဖိုး မြင့်တက်ဖွယ်ရှိ"
နိုင်ငံခြားဘဏ်ခွဲသစ် များ၏ အာမခံ ရင်းနှီးငွေများ ကြောင့်
ဗဟိုဘဏ်တွင် နိုင်ငံခြား အရန်ငွေပိုများလာပြီး
မြန်မာကျပ်ငွေ၏တန်ဖိုး မြင့်တက်လာနိုင် ကြောင်း စီးပွားရေး
ပညာရှင်အ ချို့က သုံးသပ်နေကြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား ဘဏ်ခွဲတစ်ခုဖွင့်လှစ်ရန် အာမခံ
ရင်းနှီးငွေသည် အမေရိကန်ဒေါ်လာ၇၅ သန်းမှ သန်း၁၀၀
ကြား ဗဟိုဘဏ်သို့ ပေးသွင်းရသည်။
လက်ရှိတွင် တိုင်ပေ၊ ဟောင်ကောင်၊ တောင် ကိုရီးယား၊
အိန္ဒိယနှင့် ဗီယက်နမ် နိုင်ငံမှ ဘဏ် ၁၃ ဘဏ်က
ဗဟိုဘဏ်၌ ဘဏ်ခွဲဖွင့်လှစ်ရန် လိုင်စင်လျှောက်ထား
သည်ဟု မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က သတင်း
ထုတ်ပြန်သည်။
အဆိုပါ ဘဏ်များဘဏ်ခွဲ ဖွင့်လှစ်ခွင့်ကို မတ်လမကုန်မီ
လိုင်စင်များ ထုတ်ပေးမည်ဟု ဗဟို ဘဏ်၏
ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
ယင်းဘဏ် ၁၃ ခု၏ အာမခံရင်းနှီးငွေသည်
အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ခန့်ရှိသဖြင့်
လက်ရှိဗဟိုဘဏ် တွင် ရှိနေသော နိုင်ငံခြားအရန်ငွေ ၏
၂၀ ရာခိုင်နှုန်းခန့်ရှိသည်။ ဗဟိုဘဏ်တွင် အရန်
နိုင်ငံခြားငွေ သည် ဒေါ်လာ ၅ ဘီလီယံကျော်ရှိ ကြောင်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ
ဒေါက်တာ ဆက်အောင်က ၂၀၁၅ နိုဝင်ဘာ ၌
သတင်းမီဒီယာများအား ပြော ကြားထားသည်။
‘‘ယာယီအနေနဲ့တော့ နိုင်ငံ ခြားအရန်ငွေများလာရင်
ကျပ်ငွေ တန်ဖိုးက တက်လာမှာပါ။ ဒါပေမဲ့စီးပွားရေး
အခြေအနေအရ ရေရှည်တော့ မဖြစ်နိုင်ဘူး’’ဟု
စီးပွားရေးပညာရှင်ဒေါက်တာအောင်ကိုကိုက ပြောသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကုမ္ပဏီကြီးနှစ်ခု၏ရင်းနှီး
မြှုပ်နှံမှုများဝင်လာချိန်က မြန်မာကျပ်ငွေတန်ဖိုး ခဏတာ
မြင့်တက်ပြီး နောက် ပြန်ကျခဲ့သည်။ ထို့အတူ ၂၀၁၄
အောက်တိုဘာတွင် နိုင်ငံ ခြားဘဏ်ခွဲအသစ် ကိုးခု
ဖွင့်လှစ်ရန် လိုင်စင်ချထားပေးစဉ်က မြန်မာကျပ်ငွေတန်ဖိုး
ယာယီမြင့်တက်ခဲ့ကြောင်း ဒေါက်တာအောင် ကိုကိုက
ပြောသည်။
နိုင်ငံခြားအရန်ငွေမြင့်တက်မှုအပြင်
- ပို့ကုန်မြှင့်တင်ပြီး ကုန်သွယ်မှုလိုငွေနည်းပါးမှု၊
- ဘတ်ဂျက်လိုငွေလျှော့ချနိုင်မှု၊
- အလုပ်လက်မဲ့ဦးရေလျှော့ချနိုင်မှုစသည် တို့ကို လုပ်ဆောင်
နိုင်မှသာ ပြည်တွင်းလှည့်လည်သုံးငွေကြေးကျပ် ငွေတန်ဖိုး
ရေရှည်မြင့်တက်နိုင် မည်ဟု စီးပွားရေးပညာရှင်
ဒေါက် တာအောင်ကိုကိုက ပြောသည်။
မြန်မာနိုင်ငံတွင် ကုန်သွယ်မှု လိုငွေသည် ၂၀၁၅-၁၆
ဘဏ္ဍာနှစ် ၁၀ လအတွင်း အမေရိကန် ဒေါ်လာ ၅ ဘီလီယံခန့်
ရှိနေခြင်း၊ ဘတ်ဂျက်လိုငွေမှာလည်း ကျပ် ငွေဘီလီယံ ၅၀၀၀
ကျော်ရှိနေသဖြင့် ဘဏ်ခွဲအသစ်များမှ ဝင်လာမည့်
နိုင်ငံခြားငွေသည် ကျပ်ငွေ တန်ဖိုးအား ရေရှည်မြှင့်တင်ပေး
နိုင်မည့် အခြေအနေမရှိကြောင်း
စီးပွားရေးလုပ်ငန်းရှင်အချို့ကလည်း ပြောသည်။
‘‘ဗဟိုဘဏ်ကိုပဲ ငွေဝင်တာ ဆိုတော့ ပြင်ပဈေးကွက်ကိုတော့
အများကြီးသက်ရောက်မှုမရှိစေနိုင်ဘူး’’ဟု ကမ္ဘောဇဘဏ်
အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောသည်။
'‘နိုင်ငံရေးအခြေအနေက ကောင်းနေတော့ ကျပ်ငွေတန်ဖိုး က
ဆက်ပြီး မာလာနိုင်တယ်’’ဟု မြန်မာနိုင်ငံကုန်သည်များနှင့်
စက် မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယဥက္ကဋ္ဌ
ဒေါက်တာ မောင်မောင်လေးက ပြောသည်။
မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ခွင့်လိုင်စင်ချထားပေးသော
နိုင်ငံခြားဘဏ် ကိုးခုရှိနေသည်။ ယင်းဘဏ်များ ဖွင့်လှစ်ခဲ့ခြင်း
သည် လက်ရှိ၌ တစ်နှစ်ကျော် အချိန်ရှိလာသော်လည်း
ထူးခြားသည့်ဝန်ဆောင်မှုများလုပ်ဆောင် ခွင့်မရသေးပေ။
ပြည်တွင်းဘဏ် များနှင့်ပူးပေါင်းပြီး ငွေစာရင်းလွှဲပြောင်းမှုမျိုး
ကိုသာ ဆောင်ရွက်နေနိုင်သေးကြောင်း ပြည်တွင်း
ပုဂ္ဂလိကဘဏ်မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
ယခုအသစ်ဖွင့်လှစ်ခွင့်ပြု သည့် ဘဏ်များသည် အစိုးရသစ်
လက်ထက်တွင် ဝင်ရောက်လာ မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
အတွက် ရည်ရွယ်ထားခြင်းဖြစ်နိုင်ကြောင်း ၎င်းက
သူ၏ထင်မြင်ချက် ကို ပြောသည်။
(ပြည်သိမ်း)
credit - The Myanmar Times / The Voice Weekly
& 7day Daily
No comments:
Post a Comment