Monday, March 21, 2016

“မြန်မာနိုင်ငံ၏ မြို့ပြစီမံကိန်းများတွင် ပိုမိုပါဝင် ဆောင်ရွက်လိုသော ဗြိတိန်၊ ဂျပန် နှင့် Lamudi ၏ ၂ဝ၁၆ - ခုနှစ် ထုတ်ပြန်ချက်”

“မြန်မာနိုင်ငံ၏ မြို့ပြစီမံကိန်းများတွင် ပိုမိုပါဝင်
ဆောင်ရွက်လိုသော ဗြိတိန်၊ ဂျပန် နှင့် Lamudi ၏
၂ဝ၁၆ - ခုနှစ် ထုတ်ပြန်ချက်”

၁။ "၂ဝ၁၆ ခုနှစ်တွင် အာရှဒေသအတွင်း အိမ် ခြံ မြေ
ဈေးကွက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် သင့်တော်
ကောင်းမွန်သောနိုင်ငံများစာရင်း၌ မြန်မာနိုင်ငံပါဝင်"

၂ဝ၁၆ ခုနှစ်တွင် အာရှဒေသ အတွင်းရှိ အိမ် ခြံ မြေ
ဈေးကွက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် သင့်တော်
ကောင်းမွန်သော နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံ
ပါဝင် ကြောင်း အိမ် ခြံ မြေ ဈေးကွက်၏  သတင်း
အချက်အလက်များနှင့် အပြည်ပြည်ဆိုင်ရာ
အိမ် ခြံ မြေ ကွန်ရက် Lamudi ၏ ၂ဝ၁၆ ခုနှစ်
ထုတ်ပြန်ချက် သတင်းများအရ သိရသည်။

အပြည်ပြည်ဆိုင်ရာ အိမ် ခြံ မြေ ကွန်ရက် Lamudi
သည် နှစ်စဉ်နှစ်ဆန်းပိုင်းကာလများတွင် နိုင်ငံတကာ
အိမ်ခြံမြေ ဈေးကွက်များကို စစ်တမ်းကောက်ယူကာ
ရင်းနှီးမြှုပ်နှံရန် သင့်လျော်ကောင်းမွန်သည့်
အာရှိနိုင်ငံများ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာတွင်
၂ဝ၁၆ ခုနှစ်အတွက် မြန်မာနိုင်ငံ မှာလည်း
ပါဝင်လာခဲ့ခြင်းဖြစ် သည်။

* အာရှဒေသတွင် မြန်မာနိုင်ငံ အပါအဝင်
ဟောင်ကောင်၊ စင်ကာပူ၊ တရုတ်၊ အင်ဒိုနီးရှား၊
သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသည် စီးပွားရေး
တိုးတက်မှုနှုန်း အရှိန်အဟုန် မြင့်မားမြန်ဆန်နေပြီး
အာရှ၏လက်ရှိဖြစ်ပေါ်နေသော ဈေးကွက်အကျိုးအမြတ်
များကြောင့် အဆိုပါ နိုင်ငံများ၏ အိမ် ခြံ မြေ ဈေးကွက်
များမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်ရန် သင့်တော်
ကောင်းမွန်ကြောင်း၊
* ထို့အပြင်
- အင်ဒိုးနီးရှားနိုင်ငံ ဒုတိယမြို့တော် Surabaya မြို့၊
- မြန်မာနိုင်ငံ ရန်ကုန်မြို့၊
- သီရိလင်္ကာ နိုင်ငံ ကိုလံဘိုမြို့နှင့်
- ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းမြို့ကြီးများမှာ
လက်ရှိတွင် အရှိန်အဟုန်နှင့် တိုးတက်နေသည့်
မြို့ကြီးများ ဖြစ်နေပြီး အိမ် ခြံ မြေ ဈေးကွက်မှာလည်း
ရင်းနှီးမြှုပ်နှံလုပ်ကိုင် ဆောင်ရွက်ရန် ကောင်းမွန်သော
အခြေအနေမှာရှိနေကြောင်း အဆိုပါ အပြည်ပြည်ဆိုင်ရာ
အိမ် ခြံ မြေ ကွန်ရက် Lamudi တွင် ဖော်ပြထားကြောင်း
သိရသည်။

ထို့အပြင်
- မြန်မာနိုင်ငံတွင် လည်း ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင်
ထုတ်ပြန်ခဲ့သည့် ကွန်ဒိုမီဒီယံ ဥပဒေအရ အဆင်ြ့မင့်
အိမ်ရာ များမှ အခန်းများကို ပိုင်ဆိုင်ခွင့်ရ ရှိလာမည်
ဖြစ်သဖြင့် ဈေးကွက် ဝယ်လိုအားကောင်းမွန်လာနိုင်
သည့် အခြေအနေများဖြစ် လာနိုင်ကြောင်း၊
- ဖြစ်ပေါ်လာမည့် အစိုးရသစ်အနေနှင့်လည်း
မြန်မာနိုင်ငံ၏ အိမ်ခြံ မြေကဏ္ဍတိုးတက်လာစေရန်
လုပ်ကိုင်ဆောင်ရွက်နိုင်မည်မှာ သေချာကြောင်း၊
- ထို့ကြောင့် ၂ဝ၁၆ ခုနှစ်တွင် အာရှဒေသရှိ ရင်းနှီးမြှုပ်နှံ
လုပ်ကိုင်ဆောင်ရွက် ရန် သင့်တော်ကောင်းမွန်သည့်
စာရင်းတွင် မြန်မာနိုင်ငံမှ ရန်ကုန်မြို့ ကို ထည့်သွင်း
ဖော်ပြထားခြင်းဖြစ် ကြောင်း သိရသည်။

(ဒသမ)

***

၂။ "မြန်မာနိုင်ငံ၏ မြို့ပြ စီမံကိန်းများတွင် ပိုမိုပါဝင်
ဆောင်ရွက်ရန် ဗြိတိန်နှင့်ဂျပန် သဘောတူ"

မြန်မာနိုင်ငံ၏ မြို့ပြတိုးတက်ရေး အခြေခံအဆောက်အအုံ
စီမံကိန်းများတွင် ပိုမိုလေးနက်စွာ ပါဝင်ဆောင်ရွက်ရန်
ဗြိတိန်နှင့် ဂျပန်နိုင်ငံကြား နားလည်မှုတစ်ရပ်
တည်ဆောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဗြိတိန်နှင့် ဂျပန်နိုင်ငံတကာကော်ပိုရေးရှင်း အေဂျင်စီက
ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံတို့ သည် မန္တလေး၊ ပုသိမ်နှင့်
မော်လမြိုင်မြို့ကြီးများတွင် မြို့ပြစီမံကိန်း ပရောဂျက်
တစ်ခု အကောင် အထည်ဖော်နိုင်ရေး ပူးပေါင်း
ဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း
ကြေညာခဲ့သည်။

အဆိုပါ မြို့များတွင် ဒေသအလိုက် မှတ်တမ်းအချက်
အလက်များ ကောက်ယူမှု အစီအစဉ်ကို ဇန်နဝါရီလ
ကတည်းက အစပြု ဆောင်ရွက်ခဲ့သည်။

ယင်းစစ်တမ်းကောက်ယူရေးအဖွဲ့တွင် ဂျပန်မှ
ကျွမ်းကျင် ပညာရှင်ကိုးဦးနှင့် ဗြိတိန်နိုင်ငံသား အကြံပေး
တစ်ဦးတို့ ပူးပေါင်း ပါဝင်ကြသည်။ ၎င်းတို့သည်
အ စိုးရ၊ ဒေသဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်းကာ
ရှေ့ဆက် လုပ်ငန်းများ ဆောင်ရွက်သွား မည်ဟု
သိရသည်။

‘‘လောလောဆယ်တော့ မူဝါဒပိုင်း၊ စီမံကိန်းပိုင်းတွေနဲ့
မြို့တော်သုံးခုရဲ့ လက်ရှိအနေအ ထားတွေကို ဆန်းစစ်
လေ့လာနေ ပါတယ်။ ပရောဂျက် ပြီးရင်တော့ ဖွံ့ဖြိုးရေး
ကဏ္ဍအတွက် မြေလွတ် နေရာတွေ၊ တည်ဆောက်ရေး
အ စီအစဉ်တွေ၊ ဦးစားပေးဆောင် ရွက်သင့်တဲ့ လမ်းပြ
မြေပုံ အချက်အလက်တွေကို တင်သွင်းလာနိုင်ဖို့
မျှော်လင့်ပါတယ်’’ ဟု ဂျပန် အခြေစိုက်
Nippon Koei Co မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ
ကူနီယိုမီဟီရာနိုကပြောကြားခဲ့ သည်။

Nippon Koei Co သည် မြန်မာနိုင်ငံတွင်ဖော်ဆောင်မည့်
ဖွံ့ဖြိုးရေးစီမံကိန်း အစီအစဉ် ချမှတ်ရေး ပရောဂျက်
လေးခု၌ ပါဝင်လုပ်ကိုင်နေသည်။

* မြန်မာနိုင်ငံရှိ မြို့ကြီးများအနက် ယခုမြို့တော်များကို
စီးပွားရေး အလားအလာကောင်း၊ အထူးသဖြင့်
ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ထွန်းကားနိုင်သည့်
အခြေအနေကို အဓိကထား လေ့လာ ရွေးချယ်ခဲ့ခြင်း *
ဟုလည်း ဟီရာနိုက ဆိုသည်။

၂၀၁၄ သန်းခေါင်စာရင်း အချက်အလက်များအရ
စီးပွားရေးမြို့တော် ရန်ကုန်သည် မြန်မာနိုင်ငံ၏
အကြီးဆုံးမြို့အဖြစ် ရပ်တည်နေပြီး လူဦးရေ
ခုနစ်သန်း ကျော် မှီတင်းနေထိုင်လျက်ရှိသည်။

ကမ္ဘာ့ဘဏ်၏ အရှေ့အာရှ မြို့ပြအခြေအနေ ပြောင်းလဲ
တိုးတက်မှု အစီရင်ခံစာ၌ ရန်ကုန်မြို့၏ လူဦးရေသည်
မြို့၏ ချဲ့ထွင် နိုင်စွမ်းထက် လွန်ကဲစွာ တိုးတက်
နေကြောင်း သိရသည်။

- ၂၀၀၀ ပြည့်နှစ်တွင် လူဦး ရေ ၂ ဒသမ ၆ သန်းမျှ
ရှိခဲ့သော ရန်ကုန်သည် ၂၀၁၀ ပြည့်နှစ်တွင် လူဦးရေ
၃ ဒသမ ၄ သန်းအထိ များ ပြားလာသည်။
- မြို့၏ နှစ်စဉ်လူဦး ရေ မြင့်တက်နှုန်းသည်
၂ ဒသမ ၆ ရာခိုင်နှုန်းမျှရှိခဲ့ရာ
- မြို့၏ တိုး ချဲ့နိုင်စွမ်းက အမီမလိုက်နိုင်ဘဲ ယာဉ်ကြော
ပိတ်ဆို့မှု၊ မိလ္လာစနစ် အဆင်မပြေမှု အစရှိသည့်
အခြေခံ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။

ဗြိတိန်အစိုးရက မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးနှင့်အခြေခံ
အဆောက်အအုံ ကဏ္ဍများ၌ ရင်းနှီး မြှုပ်နှံသွားရန်
ဆုံးဖြတ်ခဲ့ပြီးနောက် ဂျပန်နှင့် ဗြိတိန်တို့ ပူး ပေါင်းကာ
မြန်မာနိုင်ငံတွင် ဒေါ် လာ သန်း ၃၀၀ ဖိုးထိ
ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသည်။

ဗြိတိန် သံအမတ်ကြီး အန်ဒရူး ပက်ထရစ်က
ဗြိတိန်သည် လမ်းဖောက်ခြင်း၊ ဓာတ်အားပံ့ပိုးခြင်း
အစရှိသည့် အပိုင်းများတွင် အကြီးစားရင်းနှီးမြှုပ်နှံမှုများ
ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း ဆိုသည်။

ထို့အပြင် မြို့ပြစီမံကိန်း ပရောဂျက်များ စီစဉ်ရေးဆွဲမှု
အတွေ့အကြုံကောင်းများကို မြန်မာနိုင်ငံတွင်
မျှဝေအသုံးချသွားရန် ဗြိတိန် ကုမ္ပဏီကြီးများက လိုလား
တက်ကြွနေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ဂျပန်နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ
စနစ်ကို ကူညီပံ့ပိုးရန်၊ ဥပဒေ သတ်မှတ်စံနှုန်းများနှင့်
လူ့အခွင့်အရေးတို့ကို မြှင့်တင်သွားရန်လည်း ဗြိတိန်
အနေဖြင့် အမှန်တကယ် ဆန္ဒရှိနေကြောင်း
သံအမတ်ကြီးက ဆိုသည်။

‘‘နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအရရော၊ ဒီမိုကရေစီအရပါ
အခြေခံ အဆောက်အအုံတွေ ခိုင်မာ အားကောင်းရေး
ဟာ အရေးပါတဲ့ ထောက်တိုင်တွေဖြစ်နေတယ်။
အခြေခံအဆောက်အအုံတွေ ပီပီပြင်ပြင် မတည်ဆောက်
နိုင်ဘဲနဲ့တော့ အဲဒီနိုင်ငံဟာ တိုး တက်မှု မရှိနိုင်ဘူး။
နိုင်ငံမတိုးတက်ရင် ဒီမိုကရေစီလည်း ဖွံ့ဖြိုးမှာ
မဟုတ်ဘူး’’ ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ငါးနှစ်တာအတွင်း မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးရေး
စီမံ ကိန်း အချို့တွင် ပါဝင်ဆောင် ရွက်နေသည့်
JICA ၏ မြန်မာနိုင်ငံ ဆိုင်ရာ ရုံးခွဲ အကြီးအကဲ
ကီချီရိုနာ ကာဇာဝါက မြို့ပြတည်ဆောက်မှု
အစီအစဉ်များသည် အပိုဆောင်း
ပရောဂျက်များအဖြစ် ယူဆနိုင်ကြောင်း ဆိုသည်။

သို့သော် * အဆိုပါ စီမံကိန်းများ အမှန်တကယ်
ဖော်ဆောင်နိုင်မှု ရှိ၊ မရှိနှင့် အကယ်၍ အကောင်အထည်
ဖော်ဖြစ်ပါက JICA က ပူးပေါင်းပါဝင်ခွင့် ရှိ၊ မရှိ ဆိုသည်မှာ
အစိုးရသစ်အပေါ် မူတည်ကြောင်း * လည်း
၎င်းက မှတ်ချက်ပြုခဲ့သည်။

အကယ်၍
JICA သာ မြန်မာနိုင်ငံ၏ မြို့ပြတည်ဆောက်ရေး
လုပ်ငန်းခွင်များတွင် ပါဝင်ခွင့်ရလာပါက ကြီးမားသည့်
ရင်းနှီးမြှုပ်နှံမှု ဖြစ်လာမည်ဟုလည်း နာကာဇာဝါက
ခန့်မှန်းခဲ့သည်။

မြန်မာနိုင်ငံ၏ လမ်းတည်ဆောက်မှု ကဏ္ဍတစ်ခုတည်းက
ကျပ်ငွေ ဘီလီယံ ၁၆၀ မျှ တန်ဖိုး ရှိနိုင်ကြောင်း
၎င်းက ဆိုသည်။

‘‘မြန်မာနိုင်ငံသားတွေ ကြီးပွားချမ်းသာဖို့၊ လူမှုနယ်ပယ်မှာ
တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနိုင်ဖို့ အစွမ်းရှိသလောက်
ကျွန်တော်တို့ လုပ်ဆောင်ပေးနေပါ တယ်’’ ဟုလည်း
နာကာဇာဝါက ပြောကြားခဲ့သည်။

JICA ၏ စီမံကိန်း အသစ်များအတွက် အစိုးရသစ်နှင့်
ညှိနှိုင်း ဆွေးနွေးမှုများ မဖြစ်မနေလိုအပ် ကြောင်းလည်း
၎င်းက ဆိုသည်။

JICA သည် မြန်မာနိုင်ငံ၌ ဖွံ့ဖြိုးရေး စီမံကိန်း အခု ၆၀ ခန့်
ထိ ပါဝင်ရင်းနှီးမြှုပ်နှံသွားရန် လိုလားနေကြောင်းလည်း
သိရသည်။ 

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးကဏ္ဍတွင် ဘဏ္ဍာရေးသည်
အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်နေသည်။
သို့သော် စီမံခန့်ခွဲမှုအပိုင်း၊ အခြေခံ အဆောက်အအုံများ
ထိန်းသိမ်းမှု အပိုင်းတို့သည်လည်း မြန်မာနိုင်ငံအတွက်
အရေးတကြီး လိုအပ်နေသည့် အရေးပါသော ကဏ္ဍများ
ဖြစ်နေသည်။

‘‘ * တိကျမှန်ကန်တဲ့ ပြုပြင်ထိန်းသိမ်းမှုမျိုး၊
တကယ့်ပရောဂျက် အကြီးကြီးတွေအတွက် လုံလောက်တဲ့
အရင်းအမြစ်မျိုး မရှိဘဲနဲ့တော့ အခြေခံအဆောက်အအုံ
တွေကို မြှင့်တင်နေလည်း အဆင်ပြေမှာ မဟုတ်ဘူး။
ဒီ တော့ လူ့အရင်းအမြစ် အပါအဝင် လိုအပ်ချက်တွေကို
မြှင့်တင်နိုင်ရေးကလည်း သိပ်ကိုအရေးကြီးပါတယ် * ’’
ဟု နာကာဇာဝါက ပြောကြားသည်။

Ref: The Nations

(ဇွဲရဲဝင့်)

credit - Zaygwet Journal & 7day Daily

No comments:

Post a Comment