Saturday, October 1, 2016

"စည်ပင်မြေပေါ် ကျူးကျော်ထားသူများ - သတိ"

"စည်ပင်မြေပေါ် ကျူးကျော်ထားသူများ - သတိ"

၁။ "ဆူးလေရှန်ဂရီလာဟိုတယ်မှ စည်ပင်မြေပေါ် ကျူးကျော်
ဆောက်လုပ်ထားမူအား ပြန်လည်ဖျက်သိမ်း"

ဆူးလေးဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ
အများပြည်သူသွားလာရာ စည်ပင်မြေပေါ် ကျူးကျော်
တည်ဆောက်လုပ်ထားသည့် ဆူးလေရှန်ဂရီလာဟိုတယ်၏
ရှေ့မျက်နှာစာ ကားပါးကင်နေရာကို ပြန်လည်ဖျက်သိမ်း
နေကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့က အများအသုံးပြုလို့ရဖို့အတွတ်ကို ပြန်ပြီး
ဖောက်နေတာပါ၊ ဆူးလေရှန်ဂရီလာဟိုတယ်က ကားပါကင်
ဖြစ်အောင်လုပ်ထားတဲ့နေရာတွေကို ဗိုလ်ချုပ်လမ်းက၀င်လာ
ပြီးရင် ဒီဘက် အနော်ရထာလမ်းမကိုမတက်ဘဲနဲ့
အတွင်းလမ်းကနေပြီးတော့ ပြန်ထွက်ရအောင်လုပ်နေတာပါ။
လမ်းအလယ်မှာလည်း လူသွားလမ်းအကျယ် လေးပေငါးပေ
လောက် လုပ်ပေးမယ်။ ဟိုတယ်ဘက်ကို ပြီးခဲ့တဲ့
တစ်ပတ်လောက်ကတည်းက ကြိုတင်အကြောင်းခဲ့တာပါ။
ဆူးလေရှန်ဂရီလာဘက်က ဖျက်ပေးတာ နှစ်ရက်သုံးရက်
လောက်ရှိပြီ”ဟု အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) မှ
ဒု-ဋ္ဌာနမှူး ဦးအေးကိုမှ News Watch သို့
ပြောကြားသည်။

ဆူးလေရှန်ဂရီလာဟိုတယ်၏ လမ်းနယ်နိမိတ်ကျူးကျော်
မှုကြောင့် ခရီးသွားများစိတ်အနှောက်ယှတ်ဖြစ်ခဲ့ရသည်။

“အရင်ကတည်းက အဲဒီနေရာတွေက ပြည်သူပိုင်
နေရာတွေလေ။ ဟိုယ်တယ်စဆောက်ကတည်းက ပေါ်တီကို
အောက်ထိပဲ ပိုင်တာလေ။ ဒီဘက်က ပြည်သူပိုင်လေ။
နောက်တော့ သူတို့က တဖြေးဖြေးနဲ့ ကျုးကျော်လာတာပေါ့။
ရင်းနှီးမြှပ်နှံမှုကော်မရှင်က ခွင့်ပြုကတည်းက ဘယ်နေရာ
အထိပဲ သူတို့ပိုင်တယ်ဆိုတာ ရှင်းလင်းလင်းလင်း
ပြောရမှာပေါ့၊
အဲဒီလို ရှင်းရှင်းလင်းမလုပ်ခဲ့တော့ သူတို့က ဥပဒေကို
ကျော်ပြီး လုပ်ခဲ့တာပေါ့။
အခုလို ပြည်သူပိုင်တဲ့နေရာ ပြည်သူပြန်ရတယ်ဆိုတော့
ကောင်းတာပေါ့”ဟု အဆိုပါကိစ္စနှင့်ပတ်သက်၍
၂၀၁၄ခုနှစ်က ဆောင်းပါရေးသားတင်ပြခဲ့သည့်အပြင်
ဟိုတယ်အုပ်ချုပ်မှုအဖွဲ့သို့ပါ စာရေးပေးပို့ခဲ့ဖူးသူ
စာရေးဆရာ သရ၀ဏ်(ပြည်)က သူ၏အမြင်ကို
ပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးအနေဖြင့်ယခုရက်ပိုင်း
အတွင်းတာမွေမြို့နယ်ရှိ နေရာအချို့တွင် စည်ပင်
နယ်နိမိတ်ကျူးကျော်ဆောက်လုပ်ထားသည့် အမိုးအကာ နှင့်
အဖီများကို ဖယ်ရှားခဲ့ပြီး၊ဖယ်ရှားမှုများဆက်လက်ပြုလုပ်သွား
မည်ဖြစ်ကြောင်း မြို့တော်စည်ပင်မှ သတင်းရရှိသည်။

ဆူးလေရှန်ဂရီလာဟိုတယ်ကို ၁၉၉၆ ခုနှစ်တွင်
ကုန်သည်ကြီးများဟိုတယ်အဖြစ် ဖွင့်လှစ်ခဲ့ပြီးနောက်
၂၀၁၄ ခုနှစ်တွင် ဧပြီ ၂၈ ရက်တွင် ဆူးလေရှန်ဂရီလာ
ဟိုတယ်အဖြစ် အမည်ပြောင်းလဲခဲ့သည်။

(မင်းဇာနည်-အိုင်တီ)

***

၂။ "ပြည်သူပိုင်လမ်းပေါ် ပုဂ္ဂလိကပိုင်သဖွယ် လုပ်ဆောင်နေမှု
များကို ဆက်တိုက်ဖယ်ရှားမည်ဟု စည်ပင်တာဝန်ရှိသူပြော"

အများပြည်သူပိုင်လမ်းများပေါ်တွင် ပုဂ္ဂလိကပိုင်သဖွယ်
လုပ်ဆောင်နေမှုများကို ဖယ်ရှား ရှင်းလင်း၍ အများပြည်သူ
သွားလာနိုင်ရန် ဆက်တိုက်အကောင်အထည်ဖော်
လုပ်ဆောင်မည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီမှ သတင်းရရှိသည်။

ရန်ကုန်မြို့လယ်ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်ရှေ့
အများ ပြည်သူပိုင်လမ်းအား ကားပါကင် ပြုလုပ်ထားမှုကို
ယခုလ ၁၃ ရက် ကစတင်ကာ ပြည်သူများသွားလာနိုင်ရန်
ရှင်းလင်းနေပြီး ယင်းကဲ့သို့ ပုဂ္ဂလိကပိုင်သဖွယ် လုပ်ဆောင်
ထားမှုများကို အများပြည်သူပိုင် လမ်းဖြစ်ရန်ပြန်လည်
လုပ်ဆောင်မည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

‘‘အဲဒီကိစ္စတွေကို ပြင်းပြင်း ထန်ထန် လုပ်နေတယ်။
လမ်းတံတားဌာနကလည်း ခွင့်မပြုဘူး။
ဟိုတယ်တွေ၊ ပေါ်တီကိုတွေ ဆောက်လုပ်ဖို့
တောင်းဆိုထား တာတွေ ရှိတယ်။
ဆောက်လုပ်ခွင့် မပေးဘဲ လုပ်ပြီးသားဆိုလည်း ပြည်သူပိုင်
လမ်းဖြစ်ဖို့ ဆက်လုပ်သွားမယ်’’ ဟု
အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ
အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု လျော့ကျစေရန်နှင့်
အများပြည်သူသွားလာနိုင်ရန် ဆူးလေရှန်ဂရီလာဟိုတယ်မှ
ကားပါကင်ပြုလုပ်ထားသော ပြည်သူပိုင်လမ်းနေရာကို
နှစ်လမ်းသွားအဖြစ် ပြောင်းလဲလုပ်ဆောင်မည်ဖြစ်ပြီး
ဆက်လက်လုပ်ဆောင်မည့်နေရာများကို မသိရှိသေးကြောင်း
အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ
ဒုတိယဌာနမှူးတစ်ဦးက ပြောသည်။

အများပြည်သူပိုင်နေရာများအား ဌာနဆိုင်ရာများက
ကျူးကျော်ခြင်း၊ ငှားရမ်းခြင်း၊ ဂရန်ထုတ် ရောင်းချခြင်း
ဖြစ်စဉ်များ ထပ်မံ ပေါ်ပေါက်ခြင်း မရှိစေရန်နှင့် ရှိခဲ့ ပြီးသော
ကိစ္စရပ်များကိုလည်း တတ်နိုင်သမျှဖော်ထုတ်ပေးရန် အဆိုကို
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပေးခဲ့ပြီးနောက်
မြို့နယ်အချို့တွင် အများပြည်သူပိုင်နေရာအဖြစ် ပြန်လည်
ရရှိနေသည်ဟု ယင်းအဆိုကို တင်သွင်းခဲ့သူ
သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်(၁)လွှတ်တော်ကိုယ်စားလှယ်
ဦးနေဘုန်းလတ်က  ပြောကြားသည်။

‘‘အများပြည်သူပိုင် အဖြစ် ပြောင်းလဲလာတာ တချို့ကိုလည်း
တွေ့ရတယ်။ ဘာမှမထူးခြားသေးတာလည်း ရှိသေးတာပေါ့။
ရှေ့ပြေးစီမံချက်အနေနဲ့ မြို့တွင်းမြို့နယ်တွေမှာ လမ်းဘေး
ကျူးထား တာတွေကို ဖြေရှင်းလုပ်ဆောင်နေ တာ တွေ့ရတယ်။
ဒါကကောင်းပါ တယ်။ ဒါပေမဲ့ အားလုံးတစ်ပြေးညီဖြစ်ဖို့တော့
လိုအပ်တယ်’’ ဟု ဦးနေဘုန်းလတ်က ထောက်ပြသည်။

လွှတ်တော်၌အထက်ပါအဆိုကို ထောက်ခံ ဆွေးနွေးခဲ့သူ
ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်
ကိုယ်စားလှယ် ဒေါ်ကြည်ပြာကလည်း ဆူးလေရှန်ဂရီလာ
ဟိုတယ်ရှေ့တွင် နှစ်လမ်းသွားလုပ်ဆောင်နေမှုကို
မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်မည်ကို
စည်ပင်သာယာရေးအား မေးမြန်းသွားမည်ဖြစ်ပြီး မြို့တွင်း၌
ယာဉ်ကြောပိတ်ဆို့မှုကို လျော့ကျစေရန် အခြားနေရာများ
၌လည်း လုပ်ဆောင်မှုရှိ၊ မရှိ စောင့်ကြည့်သွားမည်ဟု
7DayDaily သတင်းစာအား ပြောကြား သည်။

(ထက်အာကာကျော်)

credit - စောင့်ကြည့်သတင်းဂျာနယ် & 7day Daily

No comments:

Post a Comment