“ကျင်းပတော့မည့် တန်ဖိုးနည်းအိမ်ရာ အရောင်းပြပွဲ နှင့်
ဆက်စပ်သတင်းများ”
၁။ "တန်ဖိုးနည်းအိမ်ရာပြပွဲတွင် အစိုးရနှင့်ပုဂ္ဂလိက
တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများကို ရောင်းချပေးသွားမည်"
တန်ဖိုးနည်းအိမ်ရာပြပွဲကို အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်
အထိ MICT Park ၌ ပြုလုပ်သွားမည်ဖြစ်ပြီး အစိုးရမှ
ဆောက်လုပ်ထားသော တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာများ
အပြင် ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီများမှ
ဆောက်လုပ်ထားသောတန်ဖိုးနည်းအိမ်ရာများလည်းပါဝင်
ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအရောင်းပြပွဲတွင်တန်ဖိုးငွေကျပ် ၉၅ သိန်းမှ ၁၂၅ သိန်း
ကြားတွင် ရှိသော တန်ဖိုးနည်းအိမ်ရာ ၂ဝဝ၈ခန်းကိုရှစ်နှစ်
အရစ်ကျပေးချေစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHDB)တို့မှ ပူးပေါင်းပြသသည့်
အဆိုပါ ပြပွဲတွင် တည်ဆောက်ပြီးစီးပြီဖြစ်သည့်
- လှိုင်သာယာမြို့နယ်ရွှေလင်ပန်းအိမ်ရာ အပိုင်း(၂) (၃) ၊
- ဒဂုံဆိပ်ကမ်း ကနောင်တန်ဖိုးနည်း အိမ်ရာများ၊
- ယုဇနတန်ဖိုးနည်း အပိုင်း(၁)(၂)တို့ရှိ တန်ဖိုးနည်း အိမ်ရာ
အခန်းပေါင်း နှစ်ထောင်ကျော်ကို ရောင်းချပေးမည်ဖြစ်သည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာများကို ဝယ်ယူရာတွင်
ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုး ရေးဘဏ်(CHDB) တွင်
Housing Saving Account ဖွင့်လှစ်၍ ဝယ်ယူမည့်
တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃ဝကို ကနဦးပေးသွင်းထားရှိရန်
လိုအပ်ပြီး အဆိုပါပေးသွင်းငွေပမာဏအတွက် ဘဏ်ထံမှ
အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းရရှိမည်ဖြစ်သည်။
တိုက်ခန်းဝယ်ယူသူက ပေးဆပ်ရန်ကျန်ရှိနေသေးသည့်
ငွေကြေးကို ရှစ်နှစ်အရစ်ကျစနစ်ဖြင့် ဆက်လက်ပေးသွင်း
ရမည်ဖြစ်ပြီး ၎င်းအခန်း အရစ်ကျငွေ ပေးချေကာလကို
ရှစ်နှစ်မှ ၁၅နှစ် အထိတိုးမြှင့်ပေးရန် စီစဉ်နေကြောင်း
သိရသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ချေးငွေဌာနမှ
ကြီးကြပ်ရေးမှူး ဦးလှမျိုးမြင့်က
''တိုက်ခန်းရဲ့တန်ဖိုးက ၉၇ သိန်းဆိုရင်လစဉ်ပေးဆပ်ရမယ့်
ငွေကတစ်သိန်းတစ်သောင်းလောက်ရှိပါတယ်။ ရှိသင့်တဲ့
မိသားစုဝင် ငွေက သုံးသိန်းခွဲ ဝန်းကျင်လောက် ရှိရပါမယ်''
ဟုဆိုသည်။
တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်အတွက် ဝင်ငွေစိစစ်ရာတွင်
လူတစ်ဦးတည်းဝင်ငွေကို ဖော်ပြရမည်မဟုတ်ဘဲ မိသားစုဝင်
အားလုံး၏ဝင်ငွေကို စုပေါင်းဖော်ပြနိုင်ပြီး သတ်မှတ်ချက်
ပြည့်မီပါက ဝယ်ယူခွင့်ရရှိမည် ဖြစ်သည်။
လက်ရှိ အချိန်အထိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဘဏ်(CHDB) တွင် Housing Saving Account ဖွင့်လှစ်
ထားသူ အရေအတွက်မှာ ၅ဝဝဝ ကျော်ခန့်ရှိကြောင်း
သိရသည်။
လာမည့် လေးနှစ်တာအတွင်းတွင် ကျပ်ငွေသိန်း ၁ဝဝ
တန်ဖိုးအောက် လျော့နည်းသည့် အိမ်ရာစီမံကိန်း
အခန်းပေါင်း ၈ဝဝဝ ကျော်ကိုလည်း ဆောက်လုပ်
ဖော်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း မြို့ပြနှင့်အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုး ရေးဌာနခွဲ
ဒုတိယညွှန်ကြားရေးမှူးဦးမင်းအောင်အေး၏
ပြောကြားချက်အရ သိရသည်။
***
၂။ "တန်ဖိုးနည်းအိမ်ရာအခန်းတချို့ လက်ငင်းငွေချေစနစ်နဲ့
လည်း ဝယ်ယူလို့ရနိုင်"
ငွေစုစနစ်နဲ့ ရောင်းပေးမယ့် တန်ဖိုးနည်းအိမ်ရာအခန်းတချို့
ကို စုငွေဘဏ်စနစ်မပါဘဲ တိုက်ရိုက်လက်ငင်း ငွေပေးချေပြီး
ဝယ်ယူလို့ရနိုင်တယ်လို့ မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
အိမ်ရာဖွံ့ဖြိုး ရေးဌာနခွဲက သိရပါတယ်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲက
လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က
"ငွေမစုဘဲ ငွေလက်ငင်းပေးချေဝယ်ချင်ရင် ရောင်းပေးဖို့
အတွက် စနစ်တစ်ခုကို စဉ်းစားထားပါတယ်၊
ဒါကဘဏ်စနစ်မပါဘဲနဲ့ တိုက်ရိုက် လျှောက်ထားရမှာပါ၊
ပေးနိုင်တိုင်းရောင်းမယ်ဆိုရင်လဲ ရည်ရွယ်ချက်နဲ့ တခြားစီ
ဖြစ်သွားပြီ၊ ဘယ်လိုစီစဉ်ထားလဲဆို ရောင်းချမယ့်
ရာခိုင်နှုန်းကို အမျိုးအစားခွဲပြီးတော့ စီမံဖို့
အစီအစဉ်ရှိပါတယ်” လို့ ရှင်းပြပါတယ်။
တိုက်ရိုက်လျှောက်ထားလို့ရတယ်ဆိုတာက မြို့ပြနှင့်အိမ်ရာ
ဖွံ့ဖြိုးရေး ဦးစီးဌာနမှာ ရှိုးရွမ်းဖွင့်ပြီးတော့ ရောင်းနေပါပြီ။
တန်ဖိုးနည်းအိမ်ရာတွေကို တစ်ဦးချင်းငွေနဲ့မဟုတ်ဘဲ
မိသားစုငွေနဲ့ စုဆောင်းပြီး ဝယ်ဖို့ ရည်ရွယ်တာဖြစ်ပေမဲ့
လက်ငင်း ပေးဝယ်တဲ့သူတွေကို ရောင်းပေးတာကလည်း
ကန့်သတ်ချက်တွေနဲ့ ရွေးချယ်ပြီး ရောင်းချပေးမှာ
ဖြစ်တယ်လို့ သိရ ပါတယ်။
(အေးမွန်)
***
၃။ "ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်ထားသည့်
တန်ဖိုးနည်းအိမ်ရာ အခန်း ၂၀၀၀ ကျော်အား CHDB ဘဏ်
တွင် ငွေစုဆောင်းထားသူများကို ရှစ်နှစ်အရစ်ကျဖြင့်
ရောင်းချမည်"
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနက တည်ဆောက်ထားသည့် တန်ဖိုးနည်းအိမ်ရာ
အခန်း ၂၀၀၀ ကျော်အား ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဘဏ်တွင် ငွေစုဆောင်းထားသူများအား ရှစ်နှစ်အရစ်ကျ
ငွေချေစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း
အောက်တိုဘာ ၁၂ ရက်တွင် ပြည်တွင်း အိမ်ခြံမြေ၀က်ဘ်ဆိုက်
ဖြစ်သည့် House com mm ဆောက်လုပ်ရေး ၀န်ကြီးဌာန၊
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်တို့ ပူးတွဲကျင်းပသည့်
“၂၀၁၆ တန်ဖိုးနည်းအိမ်ရာ အရောင်းပြပွဲ” နှင့် သက်ဆိုင်သည့်
သတင်းစာ ရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောကြားသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အနေဖြင့်
အိမ်ရာစုဆောင်း ငွေစာရင်းကို ယခုနှစ်သြဂုတ်မှ စတင်
လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ စတင်လုပ်ဆောင်ခဲ့မှုမှာ
ပြည်သူများအနေနှင့်
- အိမ်ရာနှင့် ပတ်သက်သည့် ချေးငွေတစ်ခုရှိရန်၊
- အိမ်ခန်းဝယ်ယူရန် မတတ်နိုင်သူများကို အရစ်ကျစနစ်ဖြင့်
ရောင်းချရန်၊
- အမှန်တကယ် နေထိုင်မှုမရှိဘဲ တစ်ဆင့် ပြန်လည် ရောင်းချ
သူများလက်သို့ မရောက်ရှိဘဲ အမှန်တကယ် လိုအပ်သူ
လက်ထဲသို့ ရောက်ရှိရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ
မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းဇော်က ပြောကြားသည်။
ထိုသို့ ရောင်းချရာတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဘဏ်တွင် အိမ်ရာစုဆောင်းငွေ စုဆောင်းထားသူများအနက်
ရာခိုင်နှုန်း ၃၀ ပေးချေနိုင်သူများကို ဦးစားပေး ရောင်းချမည်
ဖြစ်သည်။
မြန်မာနိုင်ငံ၏ မြို့ပြနေထိုင်မှုနှုန်း နှစ်စဉ်တိုးတက်နေခြင်းမှာ
အလွန်များပြားသည့် ပမာဏဖြစ်နေပြီး ရန်ကုန်မြို့
လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှာ ကျပ်နှစ်သိန်းအောက်သာ
ဝင်ငွေရှိနေသဖြင့် တန်ဖိုးနည်း အိမ်ရာများ ပိုမိုဆောက်လုပ်ရန်
အဖြေရှာရန် လိုအပ်မည်ဖြစ်ကြောင်း House com mm မှ
Cofounder နှင့် Managing Director ဖြစ်သူ
Mr. Nitesh-Khirwalr က ပြောကြားသည်။
လက်ရှိတွင် ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တည်ဆောက်ထား
သည့် တန်ဖိုးနည်း အိမ်ရာများမှာ ရွှေလင်ဗန်းအိမ်ရာ၊
ကနောင် တန်ဖိုးနည်းအိမ်ရာ၊ လှိုင်သာယာရှိ တန်ဖိုးနည်း
အိမ်ရာတို့ ဖြစ်ပြီး စုစုပေါင်း ၂၀၀၈ ခန်း ရှိနေပြီး ရောင်းချရန်
အစီအစဉ် ရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက
ပြောကြားသည်။
တန်ဖိုးနည်း အိမ်ရာများနှင့် ပတ်သက်သည့် အခြေအနေများ
ကို လေ့လာကြည့်ပါက နိုင်ငံတကာ ရပ်တည်မှုတွင် ၀င်ငွေ၏
ရာခိုင်နှုန်း ၃၀ (သို့မဟုတ်) ထို့ထက်ပို၍နည်းပါးသော
ပမာဏကိုသာ အိမ်ရာဝယ်ယူခြင်း ကဏ္ဍများတွင် အသုံးပြု
ကြသည့် အခြေအနေ တစ်ရပ်ကို တွေ့ရပြီး
ယင်းအခြေအနေနှင့် နှိုင်းယှဉ်ကာ ရန်ကုန်မြို့တွင်း
ပြုလုပ်ထားသည့် စစ်တမ်းများအရ ရန်ကုန်မြို့ လူဦးရေ၏
၇၅ ရာခိုင်နှုန်းမှာ တစ်လ၀င်ငွေကျပ် နှစ်သိန်း (သို့မဟုတ်)
နှစ်သိန်းအောက် ရရှိသောသူများသာ နေခြင်းကြောင့်
ရန်ကုန်မြို့ လူဦးရေ၏ သုံးပုံ တစ်ပုံခန့်အတွက် အိမ်ရာနှင့်
ပတ်သက်သော ကုန်ကျစရိတ်မှာ တစ်လကို ၆၅၀၀၀ ကျပ်
သာ ဖြစ်သင့်ကြောင်း UN-habitat မှ
Urban Programme Specialist ဖြစ်သူ
Mr. Jack Finegan က ဆိုသည်။
လက်ရှိတွင် ရောင်းချမည့် တန်ဖိုးနည်း တိုက်ခန်းများ၏
အနိမ့်ဆုံး တန်ဖိုးမှာ ကျပ် ၉၇ သိန်းဖြစ်ပြီး တန်ဖိုး၏
ရာခိုင်နှုန်း ၃၀ ပေးချေပြီးပါက ရှစ်နှစ်အရစ်ကျဖြင့်
တစ်လလျှင်ကျပ် တစ်သိန်း တစ်သောင်းခန့် ကျသင့်မည်
ဖြစ်သည်။
(ဖြိုးဝေ)
credit - Yangon Media Group / Kumudra Journal
& Eleven Media Group
No comments:
Post a Comment