Saturday, October 1, 2016

“ပန်းပန်ဆဲ ရွှေနှင့်ဒေါ်လာ၊ အကျ မရပ်သေးသော စတော့နှင့် လျှော့ဈေးဖြင့် အရောင်းအ၀ယ်ပြန်ဖြစ်သည် ဆိုသော အိမ်ခြံမြေ”

“ပန်းပန်ဆဲ ရွှေနှင့်ဒေါ်လာ၊ အကျ မရပ်သေးသော
စတော့နှင့် လျှော့ဈေးဖြင့် အရောင်းအ၀ယ်ပြန်ဖြစ်သည်
ဆိုသော အိမ်ခြံမြေ”


၁။ "ဒေါ်လာဈေး ၁၂၆၅ ကျပ်သို့ ရောက်ရှိပြီး
ရွှေဈေး ၉ သိန်းနီးပါးရှိလာ"

ပြည်တွင်းတွင် အမေရိကန် ဒေါ်လာဈေးများ တရိပ်ရိပ်
မြင့်တက်လာနေပြီး ယခုအခါ ပြင်ပ ဒေါ်လာ ပေါက်ဈေးနှုန်း
သည် တဒေါ်လာ လျှင် ၁၂၆၅ ကျပ်အထိ ရောက်ရှိ
လာကြောင်း ငွေကြေးဈေးကွက် အတွင်း
လုပ်ကိုင်နေသူများ က ပြောသည်။

“ဒေါ်လာဈေးကွက်က အဝေးဈေးလို့ခေါ်တဲ့ နယ်စပ်ဈေး
ကလည်း မာတယ်၊ ဗဟိုဘဏ်ကလည်း တက်တယ်၊
အာရှမှာ လည်း ဒေါ်လာက မာလာတဲ့အတွက်၊
ဒေါ်လာငွေက ရှားလာတဲ့အတွက် ဒေါ်လာဈေးက
အခုဈေးကွက်မှာ တဒေါ်လာ ကို ၁၂၆၀ ကျပ်နဲ့
အရောင်းအ၀ယ် ဖြစ်နေတယ်။ ပို့ကုန်ရငွေ Earning ဈေး
ဆိုရင် တဒေါ်လာ ၁၂၆၅ ကျပ်ဖြစ်နေ တယ်” ဟု
ငွေကြေး ဈေးကွက်ကျမ်းကျင်သူ တဦးက ပြောသည်။

စက်တင်ဘာ ၂၆ ရက်နေ့တွင် ဖြစ်ပေါ်နေသည့်
- ဒေါ်လာပြင်ပပေါက်ဈေးမှာ တဒေါ်လာလျှင် ၁၂၆၅ ကျပ်
ရှိပြီး
- ပုဂ္ဂလိက ဘဏ်များတွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းမှာ
တဒေါ်လာလျှင် ၁၂၄၅ ကျပ် ရှိသည်။
- ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားမှာ တဒေါ်လာလျှင်
၁၂၃၅ ကျပ် ရှိနေသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့တွင်
- ပြင်ပဒေါ်လာ ပေါက်ဈေးမှာ တဒေါ်လာလျှင် ၁၂၅၅ ကျပ်
ရှိခဲ့ပြီး
- ပုဂ္ဂလိက ဘဏ် များတွင် တဒေါ်လာလျှင်
၁၂၃၂ ကျပ်ရှိခဲ့သည်။
- ဗဟိုဘဏ်၏ သတ်မှတ်နှုန်းမှာလည်း တဒေါ်လာလျှင်
၁၂၃၂ ကျပ် ရှိခဲ့သည်။

ဒေါ်လာဈေး တက်ခြင်းနှင့် ပတ်သက်ပြီး ဗဟိုဘဏ်
တာဝန်ရှိသူ တဦးက
“ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းမှာက
ပြင်ပဈေးကွက်နဲ့ လိုက်လျောညီထွေ ဖြစ်အောင်
လိုက်သတ်မှတ်ရမယ် ဆိုတာ ပါတယ်။ ပြင်ပ ဈေးကွက်နဲ့
လိုက်လျှောညီထွေ လုပ်ရမယ်ဆိုပေမယ့် ပြင်ပဈေးကွက်က
ဈေးကစားတဲ့ဈေးကွက် မဖြစ်ဖို့လိုတယ်။ ဒါကို ဗဟိုဘဏ်က
စိစစ်စောင့်ကြည့် သင့်တယ်။ မဟုတ်ရင် ဈေးကစားတဲ့
အတိုင်း လိုက်နေရင်တော့ ဗဟိုဘဏ် သတ်မှတ်နှုန်းက
၁၃၀၀ အထိလည်း ရောက်သွားနိုင်တယ်”ဟု ပြောသည်။

ဗဟိုဘဏ်၏ ဒေါ်လာဈေး သတ်မှတ်နှုန်းသည်
စက်တင်ဘာ ၁ ရက်နေ့တွင် တဒေါ်လာလျှင် ၁၂၁၀ ရှိခဲ့ရာမှ
တဖြည်း ဖြည်း မြင့်တက်ခဲ့ရာ စက်တင်ဘာ ၂၆ ရက်နေ့တွင်
တဒေါ်လာ ၁၂၃၅ ကျပ် သတ်မှတ်လိုက်သဖြင့်
တလ အတွင်း တဒေါ်လာ လျှင် ၂၅ ကျပ်
မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်းများ မြင့်တက်လာခြင်းသည်
ခိုင်မာသည့် အကြောင်းပြချက်မရှိဘဲ ဈေးကွက် မျှော်မှန်းချက်
ဖြင့် လုပ်ကိုင်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ဒေါ်လာဈေးတက်ရခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးပညာရှင်
ဦးလှမောင်က
“ ဈေးကွက် ကစားနေတဲ့ သဘောပါ။ ဆန်ရှင် လွှတ်တဲ့ သတင်း
ထွက်ပြီးကတည်းက တက်နေတာ။ ပြည်ပပို့ကုန် လုပ်ငန်းရှင်
တွေကလည်း တွေက ဈေးကြီး လာတယ်ဆိုတဲ့ ဂယက်ကြောင့်
ပြည်တွင်းကို တင်သွင်းမယ့်သူတွေက ဒေါ်လာ
လိုက်ဝယ်တော့ တက်တယ်” ဟု ပြော သည်။

ဦးလှမောင်သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး
ဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးဟောင်းလည်း ဖြစ် သည်။

မူးယစ်ဆေးဝါးများ ဖမ်းဆီးမှုများလည်း လုပ်ဆောင်လာခြင်း
ကြောင့်
- မူးယစ်ဆေးဝါး ရောင်းရသည့် ၀င်ငွေလျော့ကျခြင်း၊
- ကျောက်စိမ်း ရောင်းရသည့် ၀င်ငွေများ လျော့ကျ
သွားခြင်းများကြောင့် ပြည်တွင်းသို့  ဒေါ်လာ စီးဝင်သည့်
နှုန်းများ လျှော့နည်းလာပြီး ဒေါ်လာဈေးကို မြင့်တက်လာ
စေသည့် အကြောင်းအရာ ဖြစ်ကြောင်း ၎င်းက
ဆက်ပြောသည်။

“မူးယစ်ဆေးဝါးတွေကို အရမ်းဖမ်းလာတော့ မူးယစ်ဆေးဝါး
ရောင်းတဲ့ ၀င်ငွေ လျော့နည်းသွားတယ်။ ကျောက်စိမ်း
က လည်း တရုတ်က မ၀ယ်ဘူး။ ကျောက်စိမ်း ရောင်းမရ
တော့ ဒေါ်လာတွေ ဈေးကွက်ကို အ၀င်လျော့သွားတယ်။
အဲဒီ တော့ ဒေါ်လာကို ကုန်ပစ္စည်းတခု အနေနဲ့ကြည့်ရင်
ရောင်းလိုအားနည်းပြီး ၀ယ်လိုအားက များလာတယ်။
ဝယ်လိုအား ကို မလိုက်နိုင်တဲ့ အတွက် ဒေါ်လာဈေးက
တက်တယ်”ဟုလည်း ဦးလှမောင်က ပြောဆိုသည်။

ထို့အပြင် ၎င်းက
“ရွှေဝယ်ယူ စုဆောင်းတဲ့ သူတွေကလည်း ရွှေကို မ၀ယ်ဘဲ
ဒေါ်လာ ၀ယ်လာတယ်။ စတော့ကလည်း စပေါ်ချိန်မှာ
ဈေးကွက်က ကောင်းနေပြီးမှ ဈေးတွေက ထိုးကျလာတော့
စတော့မှာ ၀ယ်မယ့်သူတွေကလည်း ဒေါ်လာကို လှည့်လာ
ကြတာလည်း ရှိတယ်”ဟု ဆက်ပြောသည်။

စက်တင်ဘာ ၂၆ ရက်နေ့တွင် ဖြစ်ပေါ်နေသည့်
ရွှေဈေးကွက် အခြေအနေမှာလည်း
- ကမ္ဘာရွှေဈေး တအောင်စလျှင်  ၁၃၃၃ ဒေါ်လာ ရှိကြောင်း၊
- ပြည်တွင်း အခေါက်ရွှေ တကျပ်သားလျှင် ၈၉၃,၀၀၀ ကျပ်
ရှိကြောင်း၊
- အရောင်းအ၀ယ် အခြေအနေမှာ ပြန်လည် ရောင်းချသူများ
နေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းမှ
သိရသည်။

“ရွှေဈေးက ပြည်တွင်းဒေါ်လာဈေး တက်နေလို့ တက်တာပါ။
ကမ္ဘာ့ရွှေဈေးကလည်း အပြောင်းအလဲ သိပ်မရှိပါဘူး။
အမြင့်ဈေးနှုန်းနဲ့ပဲ အလုပ်ဖြစ်နေတယ်” ဟုလည်း
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး
ဦးဝင်းမြင့် က ပြောသည်။

(မေစိုးစံ)

***

၂။ "အက်ဖ်အမ်အိုင် ရှယ်ယာများ ထက်ဝက်ခန့် ဈေးကျ"

ရန်ကုန်စတော့အိတ်ချိန်းသို့ ၀င်ရောက်ပြီးခြောက်လခန့်
ကြာမြင့်ချိန်တွင် FMI ကုမ္ပဏီ ၏ ရှယ်ယာတန်ဖိုး
ထက်ဝက်ခန့် ကျဆင်းခဲ့ကြောင်း သတင်းရရှိသည်။

FMI ကုမ္ပဏီရှယ်ယာတန်ဖိုး ကျဆင်းခြင်းအပြင် သီလ၀ါ
အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီနှင့်
မြန်မာနိုင်ငံသားများဘဏ် (MCB) တို့၏ ရှယ်ယာများလည်း
ဆက်တိုက်ကျဆင်းလာကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ
သိရသည်။

FMI ကုမ္ပဏီသည်
- မတ်လ၂၆ ရက်က ရန်ကုန်စတော့အိတ်ချိန်း၌ ရှယ်ယာ
စတင်ရောင်းချချိန်တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၃၁,၀၀၀
ပေါက်ဈေးရှိသော်လည်း
- စက်တင်ဘာ ၂၂ ရက်၌ ရှယ်ယာပေါက်ဈေး
ကျပ် ၁၆,၀၀၀ ဈေးသာရှိခဲ့သည်။

FMI ကုမ္ပဏီနှင့်အတူ ရှယ်ယာတစ်စုလျှင် ကျပ် ၁၂,၀၀၀
အထိပေါက်ဈေးရှိသည့် မြန်မာနိုင်ငံသားများဘဏ်(MCB) ၏
ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့ကာ စက်တင်ဘာ၂၂ ရက်တွင်
ရှယ်ယာတစ်စုလျှင် ကျပ် ၈,၂၀၀ ဈေးပေါက်ခဲ့သည်။
သီလ၀ါ အ များပိုင်ကုမ္ပဏီ ရှယ်ယာဈေးသည်
ကျပ် ၄၂,၀၀၀ သို့ ကျဆင်းခဲ့ သည်။

‘‘စတော့ရှယ်ယာမှာ အတက်အကျက အမြဲရှိတတ်ပါတယ်။
ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်ကို သေချာလုပ်ဆောင်ပြီးမှ
ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သင့်တယ်။အထူးသဖြင့် မြန်မာနိုင်ငံလို
အရောင်းအ၀ယ်ပါးတဲ့ စတော့အိတ်ချိန်းမျိုးကုမ္ပဏီရဲ့
လုပ်ဆောင် ချက်နဲ့ မဆိုင်ဘဲနဲ့ အတက်အကျ ရှိတတ်ပါတယ်’’
ဟု Thura Swiss အမှုဆောင်အရာရှိချုပ်
ဒေါက်တာအောင်သူရကပြောသည်။

ရှယ်ယာဈေးကျဆင်းခြင်းသည် ရန်ကုန်စတော့အိတ်ချိန်း
ရှယ်ယာကို ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားမှု မရှိတော့၍
ဖြစ်ပြီး လက်ရှိတွင် အစိုးရအပြောင်းအလဲတွင်
အိမ်ခြံမြေဘက်ကို ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေခြင်းကြောင့်
ဖြစ်သည်ဟု ရှယ်ယာရှင်တစ်ဦးကပြောသည်။

(ထွန်းထွန်းမင်း)

***

၃။ "ရန်ကုန်အိမ်ခြံမြေဈေးကွက် လျှော့ဈေးဖြင့်
အရောင်းအ၀ယ်ပြန်ဖြစ်"

အရောင်းအ၀ယ်ရပ်တန့်လုနီးပါးဖြစ်ခဲ့သော ရန်ကုန်အိမ်ခြံမြေ 
ဈေးကွက်သည် အရောင်းအ၀ယ်အနည်းငယ်ပြန်ဖြစ်လာ
ကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။

အရောင်းအ၀ယ်ကောင်းလာခြင်းမှာ သြဂုတ်လမှစတင်ခဲ့ပြီး
နေရာဒေသအလိုက် မူလခေါ်ဈေးထက် ထက်ဝက်ခန့်
လျော့နည်းသည့် ဈေးဖြင့် အရောင်းအ၀ယ်ဖြစ်ပေါ်
နေသည်ဟု အကျိုးဆောင်များက ဆိုသည်။

ရွှေဈေးမြင့်တက်ခြင်း၊အစိုးရက ဘတ်ဂျက်ငွေကြေးအချို့ကို
စီမံကိန်းများအတွက် ချထားပေးခြင်းစသည်တို့ကြောင့်
ဈေးကွက်အတွင်း ငွေကြေးဝင်ရောက်လာသဖြင့်
အရောင်းအ၀ယ်အနည်းငယ်ဖြစ်လာခြင်းဟု မဏ္ဍိုင်အိမ်ခြံမြေ
အကျိုးဆောင် မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးကပြောသည်။

‘‘အရောင်းအ၀ယ် ပြန်ဖြစ်လာပေမယ့် ဈေးကတော့ အရင်
ခေါ်ဈေးမရဘူး။ တစ်ဝက်လောက်ကို လျှော့ရောင်း
နေရတယ်’’ ဟု ဦးသန်းဦးက ပြောသည်။

အများစုက ကြိုပွိုင့်စနစ်ဖြင့် ကန်ထရိုက်တိုက်များ ၀ယ်ယူ
ထားပြီး ပြန်လည်ရောင်းချလိုသူများက ဈေးလျှော့ရောင်းချနေ
သဖြင့် အရောင်းအ၀ယ်ဖြစ်နေခြင်း ဖြစ်သည်။

ကျပ်သိန်း ၂၅၀ မှ ၃၀၀ အကြားရှိ ကန်ထရိုက်တိုက်ခန်းများမှာ
မူလ ပေါက်ဈေးထက် လျှော့ချ ရောင်းချနေကြောင်း
အိမ်ခြံမြေအကျိုးဆောင်အချို့က ဆိုသည်။

တန်ဖိုးကြီးလုံးချင်းအိမ်ခြံမြေဈေးကွက်တွင်မူ မျှော်မှန်း
သကဲ့သို့ အရောင်းအ၀ယ် မဖြစ်ကြောင်း သတင်းရရှိသည်။

(မိုးညို)

credit - Irrawaddy Publishing Group & 7day Daily

No comments:

Post a Comment