“ကျူး စာရင်းကောက်ယူမှု အခြေအနေနှင့် ကျူးကိစ္စနဲ့
ပတ်သက်ပြီး ရန်ကုန်ဝန်ကြီးချုပ်၏ သတိပေးချက်”
၁။ "ကျူးကျော်စာရင်းကောက်ယူမှု ဒဂုံဆိပ်ကမ်းမြို့နယ်သို့
ရောက်ရှိ"
ကျူးကျော်နေထိုင်သူ စာရင်းကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)
မြို့နယ်မှာ သည်နေ့စတင်ကောက်ယူနေတယ်လို့
ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကျူးကျော်စာရင်းတွေကို သည်လ ၂ရက်နေ့ကစပြီး
တောင်ဒဂုံမြို့နယ်မှာ ကောက်ယူခဲ့တယ်။
ရပ်ကွက် ၂၀ကို ပထမဆုံး စီမံချက်နဲ့ ကောက်ယူခဲ့ပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က ကျူးကျော်စာရင်း
ကောက်ယူတာကို သည်လ ၂ရက်နေ့ကနေ ၁၃ရက်နေ့
အထိ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။
ကျူးကျော်စာရင်းကောက်ယူတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)
မြို့နယ်က ဒေသခံတစ်ဦးဖြစ်တဲ့ မောင်စည်တော်က
‘၁၃ရက်နေ့က တောင်ဒဂုံကောက်တာ ပြီးသွားတယ်၊
အခုဆိပ်ကမ်းနဲ့ ဒဂုံအရှေ့ကို ဆက်ကောက်မယ်၊
ဒီနေ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က စကောက်နေပြီ’
လို့ ပြောပါတယ်။
ကျူးကျော်စာရင်းတွေကို ဒဂုံမြို့သစ်(တောင်ပိုင်း)
မြို့နယ်က ၁၇၊ ၂၁၊ ၅၅၊ ၅၄၊ ၅၆ စတဲ့ အိမ်ခြေမဲ့
ဦးရေများတဲ့ ရပ်ကွက် ၂၀ကို ကောက်ယူခဲ့တာဖြစ်ပြီး
ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)ကို
ဆက်လက်ကောက်ယူနေတာ ဖြစ်ပါတယ်။
ကျူးကျော်စာရင်းကို နည်းပညာနဲ့ လက်ဗွေရာကို
စကင်န်ဖတ်၊ ဓါတ်ပုံမှတ်တမ်းယူပြီး ကောက်ယူနေတာ
ဖြစ်ပါတယ်။ကျူးကျော်စာရင်း ကောက်ယူတဲ့ ပုံစံက
အုပ်ချုပ်ရေးပိုင်းက ကျူးကျော်တွေကို စုပေးပြီး စာရင်း
ကောက်ယူတဲ့အဖွဲ့က လက်ဗွေရာ စစ်ဆေးပြီး
အသိအမှတ်ပြု သက်သေခံလက်မှတ်ထုတ်ပေးတာ
ဖြစ်ပါတယ်။
အုပ်ချုပ်ရေးပိုင်းက ပေးတဲ့စာရင်းနဲ့ ကောက်ယူရတာဖြစ်လို့
အုပ်ချုပ်ရေးပိုင်းက ပေးတဲ့ စာရင်းက ဘယ်လောက်အထိ
မှန်မှန်ကန်ကန် တင်ပြနိုင်မလဲဆိုတာ လွှတ်တော်
ကိုယ်စားလှယ်တွေက မေးမြန်းထားပါတယ်။
အုပ်ချုပ်ရေးပိုင်းက စာရင်းပေးဖို့ ကျန်ခဲ့တာတွေကို ထပ်မံ
ကောက်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်အမှတ်(၁)က
လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက
‘အုပ်ချုပ်ရေးပိုင်းကနေပြီးတော့ လူဦးရေ စာရင်းပေါ်
မူတည်ပြီးတော့ ကျွန်တော်တို့က ကောက်ရတာပါ၊
လွှတ်တော်ကိုယ်စားလှယ်တွေက လိုက်ပြီး ဝန်းရံတဲ့
သဘောပါပဲ’ လို့ ပြောပါတယ်။
နည်းပညာအကူအညီနဲ့ ကျူးကျော်စာရင်းကောက်ယူတာ
ကို ရန်ကုန်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်နဲ့
ဆောင်ရွက်မှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက
ဝန်းရံတဲ့အနေနဲ့ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
ကျူးကျော်စာရင်းတွေကို စာရင်းကောက်သူ ၃၀ဦး၊
ကွန်ပျူတာပညာရှင် ၁၈ဦးနဲ့ ဝန်းရံအင်အား ၃၀၊
စုစုပေါင်း ၇၈ဦးနဲ့ ကောက်ခံနေတာ ဖြစ်ပါတယ်။
*** ကျူးကျော်နေထိုင်သူတွေ ဖြစ်ကြောင်း အသိအမှတ်ပြု
လက်မှတ်ကို တစ်ဆင့်ရောင်းချတာမျိုး ဆောင်ရွက်လို့
မရဘူးလို့ သိရပါတယ်။သည်လက်မှတ်တွေက လက်ဗွေရာ
ပါပြီးသားဖြစ်လို့ လက်ဗွေရာကွဲလွဲနေရင် ဥပဒေအကြောင်း
အရ အရေးယူခံရမှာဖြစ်ပါတယ်။ ***
သည်အစီအစဉ်ကို မေလ ၂၅ ရက်နေ့က ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သတင်းမီဒီယာတွေကို
ချပြခဲ့တယ်။
သုံးလအကြာ သည်စက်တင်ဘာလ ၂ ရက်နေ့မှာ
ပထမဆုံးစီမံကိန်းအဖြစ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က
ရပ်ကွက် ၂၀ကို စတင်ကောက်ယူတာ ဖြစ်ပါတယ်။
ဒုတိယမြို့နယ်အဖြစ် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ကို
ကောက်ယူနေပါတယ်။
***
၂။ "ကျူးစာရင်းပေးသွင်းရုံဖြင့် မြေကွက်နှင့်အခန်း ရရှိမည်
မဟုတ်ဟု ဦးဖြိုးမင်းသိန်းပြောကြား"
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ ကျူးကျော် စာရင်း
ကောက်ယူရာတွင် မူလစာရင်း ထက်ပိုမိုများပြားနေပြီး
စာရင်းပေးသွင်းရုံဖြင့် မြေကွက်နှင့်အခန်းရရှိ နိုင်မည်
မဟုတ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
‘‘ *** ကျူးကျော်ကိစ္စနဲ့ပတ်သက် ပြီး ရှင်းရှင်းလင်းလင်း
အသိပေးထားဖို့က ကျူးကျော်စာရင်းပေး သွင်းလိုက်ရုံနဲ့
မြေကွက်ရမယ်၊ အခန်းရမယ်ဆိုတဲ့အခြေအနေမျိုး မရှိဘူး။
ဒါပေမဲ့ အလုပ်ရှိရင်တော့ စီမံပေးလို့ရတယ်။ ဒါပဲ။
အဓိက က အလုပ်ရရင် သူ့အလုပ်နဲ့ထိုက်တန်တဲ့ နေစရာ
ရှိအောင် အစိုးရက ဖန်တီးပေးမယ်။ ဘာလို့လဲဆိုတော့
အလုပ်လုပ်စေချင်တယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေ အလုပ်လုပ်မှ
သူတို့လုပ်အားနဲ့ သူတို့ရပ် တည်နိုင်မယ်။ ဒါမှအစိုးရဖန်တီး
ပေးတဲ့ နေစရာကို သူတို့ဝင်ငွေနဲ့ ပြန်ဆပ်နိုင်မယ် *** "
ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
စက်တင်ဘာ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အ ဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ လုပ်ဆောင်
နေသော ကျူးကျော်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်ကို
ပထမဆုံးအကြိမ် ကွင်ဆင်းလေ့လာပြီး အထက်ပါအတိုင်း
ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ရှေ့ပြေးစီမံချက် အဖြစ်
စက်တင်ဘာ ၂ ရက်ကစတင်ကာ ကျူးကျော်စာရင်း
ကောက်ယူခဲ့ပြီး လက်ရှိစာရင်းကောက်ခံထားမှု စာရင်းသည်
မူလစာရင်းထက်ပိုမို များပြားနေကြောင်း ရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့ ဒုတိယညွှန် ကြားရေးမှူး
ဦးထွန်းနိုင်ကိုက ၀န်ကြီးချုပ်ထံ တင်ပြသည်။
လက်ရှိတွင် ရပ်ကွက် ၂၀ ခု ၌ စာရင်းကောက်ယူထားပြီး
မူလထက်ရပ်ကွက်သုံးခုတိုးလာကာ အိမ်ထောင်စု
အရေအတွက် ၃၃၈ ခုတိုးလာကြောင်း ဦးထွန်းနိုင်ကို က
ရှင်းပြသည်။
‘‘စာရင်းကောက်နေတဲ့အချိန်မှာ ကျူးကျော်တိုးမလာဖို့
အုပ်ချုပ်ရေးပိုင်းက တာဝန်ယူရမယ်။ကျူးကျော်
တိုးလာတယ်ဆိုရင် အဲဒီနေရာတွေမှာ ခြေကုပ်ယူပြီး
မူးယစ်ဆေးဝါးသုံးစွဲတာ၊ ဖြန့်ဖြူးတာ၊ရမ်းကားတာတွေ
မဖြစ်လာဖို့ အရေးကြီးတယ်’’ဟု ၀န်ကြီးချုပ် က
ပြန်လည်ညွှန်ကြားသည်။
ကျူးကျော်စာရင်းကောက်ယူရာတွင် ပြည်သူများ
မည်သည့် အလုပ်လုပ်နေသည်ကို ထည့်သွင်းကောက်ခံရန်
နှင့် အလုပ်အကိုင်မရှိသူများကို အခွင့်အလမ်းရှိစေရန်
ဖန်တီးပေးရမည်ဟု ၀န်ကြီးချုပ်က ပြောသည်။
‘‘အဓိကကတော့ နေဖို့တွေပေးပြီး အလုပ်မရှိရင်အလကားပဲ။
အလုပ်လုပ်ရမယ်။အလုပ်မရှိရင် အလုပ်လုပ်ချင်ပါတယ်ဆိုတဲ့
စာ ကိုထည့်ပေးရမယ်။ အဲဒီတော့ အလုပ်ကိုပါ တတ်နိုင်သမျှ
ရှာကြံပေး မယ်ဆိုတဲ့သဘော ပြောပြသွားတာပါ။
ကောင်းပါတယ်။
တကယ် လည်းဖြစ်သင့်ဖြစ်ထိုက်တဲ့အရာ။ နို့မို့ဆိုရင်
အလုပ်မရှိဘဲနဲ့ တွေ့တဲ့ နေရာတက်နေမယ်ဆိုလည်း
အလကားပဲ’’ဟု
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်
မဲဆန္ဒနယ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက
မှတ်ချက်ပြုသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရွာသာကြီးရပ်ကွက်ရှိ
ကျူးကျော်စာရင်းလာရောက်ပေးသွင်း သူအချို့က စာရင်း
ပေးသွင်းရာ၌ အခက်အခဲမရှိကြောင်း 7Day Daily အား
ဖြေကြားသည်။
လက်ရှိကျူးကျော်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်သည်
ပြည်သူများ၏ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေနိုင်ပြီး
ကျူးကျော်မဟုတ်သူများက လာရောက်ပေးသွင်းနေခြင်းသည်
လုပ်ငန်း ကြန့်ကြာမှုရှိကာ အခက်အခဲဖြစ်ပေါ်စေသည်ဟု
စာရင်းကောက် ယူရာတွင် ပါဝင်သည့်လူထုအခြေပြု
ဒေသဖွံ့ဖြိုးရေးမှ စေတနာ့ဝန်ထမ်းဒေါ်စုစုအေးက
ပြောသည်။
‘‘ * ဒီကိုရောက်လာတော့ အိမ် ထောင်တစ်စုတည်းကနေ
စလစ် သုံးလေးခုနဲ့ လာတယ်။ ပြီးတော့ လယ်တွေ
ဝယ်ထားတဲ့သူတွေလာတယ်။ နောက်ပိုင်း အိမ်ပိုင်ရှင်တွေ၊
အရမ်းချမ်းသာတဲ့သူတွေလာတယ်။
အဲဒါတွေက ကျွန်မတို့အ တွက် အခက်အခဲပဲ * ’’ဟု
၎င်းကဆို သည်။
ကျူးကျော်နေထိုင်သူများအတွက်
- ရပ်ကွက်အတွင်းရှိ ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူးများက
ဦးစွာစာရင်းကောက်ခံပြီး
- စလစ်စာရွက်ပြုလုပ်ပေးသည်။ အိမ်ထောင်စုတစ်ခုကို
စလစ်တစ်ခုနှုန်း ထုတ်ပေးပြီး
- နောက်တစ်ရက်တွင် စာရင်းကောက်ခံရာနေရာ၌
ကောက်ခံသည့်အဖွဲ့များထံမှ အချက်အလက်မှန်ကန်မှု
ရှိ၊ မရှိ ထပ်မံစစ်ဆေးသည်။
- ယင်းကဲ့သို့ စစ်ဆေးပြီးနောက် မှန်ကန်သည့်အိမ် ထောင်စု
(မိသားစုဝင်အားလုံး) များကို ဓာတ်ပုံရိုက်ခြင်း၊ ကွန်ပျူတာဖြင့်
မှတ်တမ်းတင်ခြင်း၊ လက်ဗွေစနစ်ရယူခြင်း စသည့်
လုပ်ငန်းစဉ်များ လုပ်ဆောင်ရသည်။
- နောက်ဆုံးတွင် ကျူးကျော်အထောက်အထားသက်သေခံ
ကတ်ပြားကို အိမ်ထောင်စုတစ်ခုလျှင် ကတ်ပြားတစ်ခုနှုန်း
ပေးအပ်၍ မှတ်တမ်းတင်ခြင်းပြုလုပ်နေခြင်း ဖြစ်သည်။
(ထက်အာကာကျော်)
credit - The Modern & 7day Daily
No comments:
Post a Comment